NCA လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးကိုယ်စား မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ပြောကြားသောမိန့်ခွန်း
ကြွရောက်လာတဲ့ လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးနှင့်တကွ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအသီးသီးမှ ကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာမှ အစိုးရသံအရာရှိများ၊ NGOs ၊ INGOs မှ မိတ်ဆွေကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း၊…
