ငြိမ်းချမ်းရေးတွင်ပါဝင်သူများ၏ စကားသံများ
ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး - ငြိမ်း) သူ့ဥပဒေနဲ့သူနေတဲ့လူတွေနဲ့ ဒီဘက်ကကိုယ့်ဥပဒေနဲ့နေတဲ့လူတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်ဥပဒေကိုလိုက်နာရမှာလဲ။ သူတို့လိုက်နာနိုင်တဲ့ဥပဒေနဲ့ ကျွန်တော်တို့ လိုက်နာနိုင်တဲ့ ဥပဒေဆိုတာက NCA ပဲဖြစ်တယ်။NCA မရှိရင် သူတို့ကို ဘာနဲ့ဆက်စပ်မှာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာနဲ့ပြောကြမှာလဲ။ ဒါကြောင့်မို့လို့ NCA ကတော့ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။ NCA က ဖျက်လို့မရဘူး။ ဖျက်လိုက်ရင် ကျွန်တော်တို့ကြားထဲမှာ ဥပဒေအရဆက်သွယ်ဖို့…