မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၃၈/၂၀၁၂ )
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
( Myanmar Peace Centre ) ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း တာဝန်များ၊ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်စေရန်နှင့် လိုအပ်သောစီမံခန့်ခွဲမှုကိစ္စ အဝဝနှင့် အခြားလိုအပ်သောကိစ္စများကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်အတွက် “ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန ( Myanmar Peace Center) ” အား အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(၁) ဦးအောင်မင်း ဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၄)
(၂) ဦးစိုးသိန်း ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၃)
(၃) ဦးတင်နိုင်သိန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၅)
(၄) ဦးလှထွန်း ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၆)
(၅) ဦးအုန်းမြင့် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
မွေးမြူရေးနှင့်ရေလုပ်ငန်း
ဝန်ကြီးဌာန
(၆) ဦးဝင်းထွန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာန
(၇) ဦးခင်မောင်စိုး အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၈) ဦးခင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
(၉) ဦးသန်းဌေး အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန
(၁၀) ဗိုလ်ချုပ် ဇော်ဝင်း အဖွဲ့ဝင်
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
(၁၁) ဦးထွန်းထွန်းဦး အဖွဲ့ဝင်
ဒုတိယရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
(၁၂) ဗိုလ်မှူးကြီး ကျော်စိုးဝင်း အဖွဲ့ဝင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(၁၃) ဦးအောင်သိမ်း အတွင်းရေးမှူး
ဒုတိယဝန်ကြီးဌာန
သမ္မတရုံးဝန်ကြီးဌာန(၄)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ကျွမ်းကျင်သူများပါဝင်သော ရုံးအဖွဲ့တစ်ရပ်အဖြစ် ဖွဲ့စည်းဆောင်ရွက် သွားရန်။
( ခ ) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် လိုအပ်သော နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှကိုယ်စားလှယ်ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လက်နက်ကိုင် အင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အကူအညီပေးသောအလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးရှိ ပြည်တွင်းပြည်ပ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်တွင် အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သောစီမံမှုများကို တာဝန်ယူ ဆောင်ရွက်သွားရန်။
( ဂ ) ဗဟိုဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက် သွားရန်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၅ /၂၀၁၄ )
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
( Myanmar Peace Centre )တွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း
“နိုင်ငံတော်တော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့စွဲပါအမိန့်အမှတ် (၃၈ / ၂၀၁၂ )ဖြင့် ဖွဲ့စည်းခဲ့သော “ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ( Myanmar Peace Centre )”တွင် အဖွဲ့ဝင် ဗိုလ်ချုပ် ဇော်ဝင်း၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အစား အဖွဲ့ဝင် ဗိုလ်ချုပ် တင်အောင်ချစ်၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်