NCA

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

(၄-၁-၂၀၂၄ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဤ Website ကို စတင်ထုတ်လွှင့်ပါသည်)

NCA ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ

(၁)

ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံ ဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး တို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ပေါ်တွင်အခြေခံ၍ ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်။

(၂)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုများ၊ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုကိုစောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်း စိစစ်ရေးနှင့် ပဋိပက္ခများဖြေရှင်းရေးတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန်။

(၃)

ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆို ထားသော သဘောတူညီချက်များနှင့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန်။

(၄)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေး ဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည်လျက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်သင့်ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ NCA(၈)နှစ်မြောက်နှစ်ပတ်လည်နေ့မိန့်ခွန်းကောက်နုတ်ချက်...

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားကြပါ။

“ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့”

“ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်”

“ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်”

"NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့"

"NCA အခမ်းအနားများမှ မှတ်တမ်းပုံရိပ်များ"

'ငြိမ်းချမ်းရေးအုတ်မြစ်ခိုင်မြဲဖို့ အပစ်ရပ်ကြစို့'

"From NCA To Sustainable Peace"

ဆက်သွယ်ရန်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း‌ချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)

Address:

မဟာသုခလမ်းနှင့်ဉာဏအောင်မြေလမ်းထောင့်၊ဘောဂသိဒ္ဓိရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ်၊နေပြည်တော်။

Phone:

067-3422737

Our latests Posts

NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

အရင်တုန်းက သဘောတူခဲ့တဲ့ NCA ပုံစံအတိုင်း တကယ့်လက်တွေ့ကျတဲ့ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒီအခမ်းအနားကနေ စတင်ဖော်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် များစွာအကျိုးရှိလိမ့်မယ်လို့ ခံစားမိပါတယ်

နိုင်ငံတော်သမ္မတထံ NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် EAOs ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ (၁၅-၁၀-၂၀၂၆)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် ပြောကြားသည့် အဖွင့်မိန့်ခွန်း

ယနေ့အချိန်မှာလည်း နိုင်ငံတော်အနေနဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကြားက ပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား (၁၅-၁၀-၂၀၂၆)

နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ထိုဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည့်သဘောကို အလေးထားပြီး ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရန်ပြောကြားသည်။ထိုပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့်…

ငြိမ်းချမ်းရေးဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား (၁၅-၁၀-၂၀၂၆)

NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိူင်က Video Message ဖြင့် ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ (၁၅-၁၀-၂၀၂၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ Video မိန့်ခွန်းပြောကြားခဲ့