အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ(NSPWC)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၉၅ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
( ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် )
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ
(National Solidarity and Peace-making Working Committee) ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (National Solidarity and Peace -making Working Committee)”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(က) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌ
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ခ) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(ဂ) ဦးမင်းနောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(ဃ) ဦးခင်မောင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(င) ဦးမြင့်ကြိုင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(စ) ဒေါက်တာ စိုးဝင်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(ဆ) Jeng Phang နော်တောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
(ဇ) ဦးခက်ထိန်နန် အဖွဲ့ဝင်
ဝန်ကြီးချုပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့
(ဈ) ဦးဇော်မျိုးတင် အဖွဲ့ဝင်
ဝန်ကြီးချုပ်
ကယားပြည်နယ်အစိုးရအဖွဲ့
(ည) ဦးစောမြင့်ဦး အဖွဲ့ဝင်
ဝန်ကြီးချုပ်
ကရင်ပြည်နယ်အစိုးရအဖွဲ့
(ဋ) ဒေါက်တာ ဝုန်ဆွန်းထန် အဖွဲ့ဝင်
ဝန်ကြီးချုပ်
ချင်းပြည်နယ်အစိုးရအဖွဲ့
(ဌ) ဦးမြတ်ကျော် အဖွဲ့ဝင်
ဝန်ကြီးချုပ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
(ဍ) ဦးမြတ်ကို အဖွဲ့ဝင်
ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
(ဎ) ဦးမျိုးဆွေဝင်း အဖွဲ့ဝင်
ဝန်ကြီးချုပ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
(ဏ) ဦးအောင်ကြည်သိန်း အဖွဲ့ဝင်
ဝန်ကြီးချုပ်
မွန်ပြည်နယ်အစိုးရအဖွဲ့
(တ) ဦးထိန်လင်း အဖွဲ့ဝင်
ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
(ထ) ဦးအောင်ဇော်အေး အဖွဲ့ဝင်
ဝန်ကြီးချုပ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့
(ဒ) ဗိုလ်မှူးချုပ် စိုးလှိုင် အဖွဲ့ဝင်
တိုင်းမှူး
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(ဓ) ဗိုလ်ချုပ် နိုင်နိုင်ဦး အဖွဲ့ဝင်
တိုင်းမှူး
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
(န) ဗိုလ်ချုပ် လှမိုး အဖွဲ့ဝင်
တိုင်းမှူး
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
(ပ) ဗိုလ်ချုပ် မျိုးမင်းထွန်း အဖွဲ့ဝင်
တိုင်းမှူး
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
(ဖ) ဗိုလ်ချုပ် အောင်ခိုင်ဝင်း အဖွဲ့ဝင်
တိုင်းမှူး
တြိဂံဒေသတိုင်းစစ်ဌာနချုပ်
(ဗ) ဗိုလ်မှူးချုပ် စိုးမင်း အဖွဲ့ဝင်
တိုင်းမှူး
အရှေ့တောင်တိုင်းစစ်ဌာနချုပ်
(ဘ) ဗိုလ်မှူးချုပ် ကျော်စွာဦး အဖွဲ့ဝင်
တိုင်းမှူး
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
(မ) ဗိုလ်ချုပ် ထင်လတ်ဦး အဖွဲ့ဝင်
တိုင်းမှူး
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(ယ) ဗိုလ်ချုပ် သန်းထိုက် အဖွဲ့ဝင်
တိုင်းမှူး
အနောက်မြောက်တိုင်းစစ်ဌာနချုပ်
(ရ) ဗိုလ်မှူးချုပ် ကြည်သိုက် အဖွဲ့ဝင်
တိုင်းမှူး
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
(လ) ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အဖွဲ့ဝင်
ဒုတိယဝန်ကြီးနှင့်ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန
(ဝ) ဗိုလ်ချုပ် တိုးရီ အဖွဲ့ဝင်
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
(သ) ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
(ဟ) ဒေါက်တာ ထိန်လင်းဦး အဖွဲ့ဝင်
ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊
ဥပဒေရေးရာဝန်ကြီးဌာန
(ဠ) ဗိုလ်မှူးချုပ် မင်းသူ အဖွဲ့ဝင်
ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
(အ) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) အဖွဲ့ဝင်
(ကက) ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် အတွင်းရေးမှူး
၂။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ(National Solidarity and Peace -making Working Committee) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ် ပေးသည့်မူဝါဒများကို အကောင်ထည်ဖော်နိုင်ရန် လိုအပ်သောမဟာဗျုဟာချမှတ်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များချမှတ်ပေးခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အကူ အညီပေးသော အလှူရှင် အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သော မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ် ပေးခြင်း။
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာ စေရေးမှတစ်ဆင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် အချိန်ဇယားများ သတ်မှတ်ပေးခြင်း။
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် မရေးထိုး ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင် လက်မှတ် ရေးထိုးလာစေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့်အချိန်ဇယားများ သတ်မှတ်ပေးခြင်း။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆ – ၈ – ၂၀၂၃ ရက်စွဲပါ အမိန့်အမှတ် ၇၃ / ၂၀၂၃ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါသည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ