နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ
ဖွဲ့စည်းမှု
၁။ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများအပေါ်အခြေခံ၍ ဆွေးနွေးမှု များကို စနစ်တကျစီမံဆောင်ရွက်နိုင်ရန် အောက်ပါလုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက် ပါသည် –
(က) နိုင်ငံရေးကဏ္ဍ လုပ်ငန်းကော်မတီ
(ခ) လူမှုရေးကဏ္ဍ လုပ်ငန်းကော်မတီ
(ဂ) စီးပွားရေးကဏ္ဍ လုပ်ငန်းကော်မတီ
(ဃ) လုံခြုံရေးကဏ္ဍ လုပ်ငန်းကော်မတီ
(င) မြေယာနှင့်သဘာဝပတ်ဝန်းကျင်းဆိုင်ရာကဏ္ဍ လုပ်ငန်းကော်မတီ
၂။ သက်ဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခုလျှင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုယ်စားလှယ် (၄)ဦးစီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အတွင်းရေးမှူး အဖွဲ့ဝင် (၃)ဦးနှင့် စုစုပေါင်း(၁၅)ဦးစီဖြင့် ဖွဲ့စည်းသည်။ လုပ်ငန်းကော်မတီများတွင် အမျိုးသမီးကိုယ်စားလှယ် (၃၀)ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်။ (မှတ်ချက်။ လုပ်ငန်းလိုအပ်ချက် အရ လုပ်ငန်းကော်မတီများအား ပြင်ဆင်ဖွဲ့စည်းနိုင်သည်။)
တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၃။ လုပ်ငန်းကော်မတီများသည် ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စရပ်များအားလုံးကို အကျေအလည် ဆွေးနွေးအဖြေရှာရန် တာဝန်ရှိသည်။
(မှတ်ချက်။ အကျေအလည် ညှိနှိုင်းဆွေးနွေးခြင်း ဆိုရာတွင် ဆွေးနွေးခွင့်၊ စိစစ်ရွေးချယ်ပြုစုခွင့်နှင့် လုပ်ငန်းကော်မတီများအတွင်း သဘောတူညီချက်များကို အဆိုပြုခွင့်ကို ဆိုလိုသည်။)
၄။ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီများသည် အောက်ပါကိစ္စရပ်များကို အကျေ အလည်စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး UPDJC သို့ တင်ပြရမည်။
(က) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)တွင် စေ့စပ်ညှိနှိုင်း ထားပြီးသော ခေါင်းစဉ်ခွဲများနှင့် ပတ်သက်သည့်အခြေခံမူများကု ဆွေးနွေးရန်။
(ခ ) အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းသော်လည်းကောင်း UPDJC မှ တစ်ဆင့် ပေးပို့လာသည့်အခြေခံမူများ။