NCA (၅) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်မိန့်ခွန်း (၁၅-၁၀-၂၀၂၀)
ချစ်ခင်လေးစားအပ်ပါတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-လွန်ခဲ့တဲ့ (၅)နှစ် ယခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့ နိုင်ငံတကာအသိသက်သေများနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြု နှုတ်ခွန်း ဆက်သအပ်ပါတယ်။ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့တဲ့…