ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)

အတွင်းရေးမှူးအဖွဲ့နှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှု                 

၁။       ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ ကွပ်ကဲမှုအောက်တွင် အစုအဖွဲ့ ၃ ခုမှ ၁ ခုလျှင် ၁ ဦးစီဖြင့် စုစုပေါင်း ၃ ဦး ပါဝင်သော အတွင်းရေးမှူးအဖွဲ့နှင့် အစုအဖွဲ့ ၃ ခုမှ ၁ ခုလျှင် ၅ ဦးစီဖြင့် စုစုပေါင်း ၁၅ ဦးပါဝင်သော လုပ်ငန်းကော်မတီ ၅ ခုတို့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

UPDJC  ဖွဲ့စည်းမှု

၂။            UPDJC တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ NCA-S EAO အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့များမှ  ၁ ဖွဲ့လျှင် ၁၆ ဦးစီဖြင့် စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ အစိုးရ အဖွဲ့တွင် ဒုတိယသမ္မတဦးစီး၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်မှ အရာရှိကြီးများဖြင့်လည်းကောင်း၊ NCA-S  EAO အဖွဲ့  ၈ ဖွဲ့သည် ၁ ဖွဲ့လျှင် ၂ ဦးစီဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့တွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးစီနှင့် နိုင်ငံရေးပါတီ ၁၂ ပါတီမှ ၁ ဦးစီဖြင့် လည်းကောင်း ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

UPDJC  အတွင်းရေးမှူးအဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှု။ 

၃။         UPDJC ကွပ်ကဲမှု အောက်တွင် အစုအဖွဲ့ ၃ ခုမှ ၁ ခုလျှင် ၁ ဦးစီဖြင့် စုစုပေါင်း ၃ ဦး ပါဝင်သော အတွင်းရေးမှူးအဖွဲ့နှင့် အစုအဖွဲ့ ၃ ခုမှ ၁ ခုလျှင် ၅ ဦးစီဖြင့် စုစုပေါင်း ၁၅ ဦးပါဝင်သော လုပ်ငန်းကော်မတီ ၅ ခုတို့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

UPDJC  အစည်းအဝေးများ ကျင်းပခြင်း

၄။            ဒီမိုကရေစီပထမအစိုးရကာလအတွင်း UPDJC အစည်းအဝေး (၅)ကြိမ်နှင့် ဒီမိုကရေစီ ဒုတိယအစိုးရကာလအတွင်း UPDJC အစည်းအဝေး (၁၅)ကြိမ်၊ စုစုပေါင်း (၂၀)ကြိမ် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးများမှ ညီလာခံတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေး ကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့မှ ဆွေးနွေးမည့်အကြောင်းအရာများကို သဘောတူ ချမှတ်နိုင်ခဲ့ပါသည်။