တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) နှင့် Bilateral Agreement ချုပ်ဆိုခဲ့မှု
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်မရေး ထိုးမီကာလ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် (EAO) များအား ငြိမ်းချမ်းရေးစတင်ဖိတ်ခေါ်ခဲ့ပြီး Roadmap များချမှတ်ကာ ပြည်နယ် အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်အစိုးရနှင့် EAO ၁၅ ဖွဲ့ (ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KIO ၊ KNPP ၊ KNU ၊ KNU/KNLA-PC ၊ NDAA ၊ NMSP ၊ NSCN-K ၊ PNLO ၊ RCSS ၊ SSPP-SSA ၊ UWSA) တို့အကြား ပြည်နယ်အဆင့် ၁၄ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် ၁၂ ဖွဲ့ နှစ်ဖက်သဘောတူ (Bilateral Agreement) ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြပါသည်။