နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
၀၁-၀၁-၂၀၂၄၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန် အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်အသိုက်အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့…
