ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၅-၂၀၂၆)

မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း

Continue Readingပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၅-၂၀၂၆)

လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) အမှာစကားကောက်နုတ်ချက် (၂၇-၁-၂၀၂၄)

ဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း

Continue Readingလုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) အမှာစကားကောက်နုတ်ချက် (၂၇-၁-၂၀၂၄)

(၂၃) ကြိမ်မြောက်ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၁-၂၀၂၄)

သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများက များစွာ အထောက်အကူပြုစေမည်ဖြစ်

Continue Reading(၂၃) ကြိမ်မြောက်ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၁-၂၀၂၄)

(၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက် (၁၅-၁-၂၀၂၄)

ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်း အတွေးအခေါ် အယူအဆ မှန်ကန်စွာဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်

Continue Reading(၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက် (၁၅-၁-၂၀၂၄)

(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၁၀-၁-၂၀၂၄)

  တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး” နှင့်  “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး” ကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Continue Reading(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၁၀-၁-၂၀၂၄)

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၄-၁-၂၀၂၄)

        ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့်     ဖက်ဒရယ်စနစ် ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိက ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များနှင့် ပြည့်စုံရန်လိုအပ်သဖြင့် နိုင်ငံတော်အတွက်  လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့်…

Continue Reading(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၄-၁-၂၀၂၄)

၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကောက်နုတ်ချက် (၁-၁-၂၀၂၄)

      ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်၊

Continue Reading၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကောက်နုတ်ချက် (၁-၁-၂၀၂၄)