နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၂၆-၁-၂၀၂၄)
နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး အခြေအနေမှန်များ သိရှိနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ တာဝန်ရှိသူများအားလုံးအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့