အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော််မတီ (NSPCC)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၉၄ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
( ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် )
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ
(National Solidarity and Peace-making Central Committee) ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ ဆောင်ရွက်နိုင်ရန် “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (National Solidarity and Peace-making Central Committee)”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(က) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( ခ ) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယဥက္ကဋ္ဌ
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( ဂ ) ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး အဖွဲ့ဝင်
တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ဃ) ဗိုလ်ချုပ်ကြီး မြထွန်းဦး အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( င ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( စ ) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ဆ) ဒေါ်ဒွဲဘူ အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( ဇ ) ပိုးရယ်အောင်သိန်း အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
( ဈ) မန်းငြိမ်းမောင် အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ည) ဒေါက်တာ ဘရွှေ အဖွဲ့ဝင်
အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ဋ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
(ဌ) ဒေါက်တာ သီတာဦး အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန
(ဍ) ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အတွင်းရေးမှူး
အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ဎ) ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် တွဲဖက်အတွင်းရေးမှူး
၂။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (National Solidarity and Peace – making Central Committee)၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တို့အတွက် လိုအပ်သောမူဝါဒများ ချမှတ်ပေးရန်နှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်း၊
- အမျိုးသားစည်းလုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ကူညီ ထောက်ပံ့ခြင်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများ ချမှတ် ပေးခြင်း၊
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှတတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သောမူဝါဒများ ချမှတ်ပေးခြင်း၊
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ကို အခြေခံ၍ မူဝါဒများချမှတ်ပေးခြင်း၊
- ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း။
၃။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အကြံပေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဖွဲ့စည်းခန့်အပ်တာဝန်ပေးနိုင်သည်။
၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆ – ၈ – ၂၀၂၃ ရက်စွဲပါအမိန့်အမှတ် ၇၂ / ၂၀၂၃ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါသည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ