ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁၁-၇-၂၀၁၈ မှ ၁၆-၇-၂၀၁၈)
နိဒါန်း၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များအစုအဖွဲ့ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ရန် သတ်မှတ်ခဲ့ပါသည်။ (၉၃၅) ဦး…
