ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး

တိုက်ပွဲတွေကြောင့် တိုက်ရိုက်ထိခိုက်ခံစားနေရသူတွေနဲ့ သွယ်ဝိုက်ပြီး ခံစားနေရသူတွေရဲ့ စားဝတ်နေရေးအခက်အခဲ၊ အကျပ်အတည်းတွေဟာ နိုင်ငံအတွက် အနုတ်လက္ခဏာဆောင်နေပါတယ်။ အနုတ်လက္ခဏာတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မလား၊ ဒါမှမဟုတ် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် မှန်ကန်တဲ့အဖြေထုတ်ပေးနိုင်မလားဆိုတာ အတိတ်ကအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်။ယခင်ကလည်း နိုင်ငံရေးသဘောထားကွဲလွဲတာတွေ ကြုံခဲ့ရပြီးပါပြီ။ သဘောထားကွဲလွဲတဲ့အခါတိုင်းလည်း လက်နက်ကိုင်ဖြေရှင်းခဲ့ကြပါတယ်။ လက်နက်ကိုင်ဖြေရှင်းကြတိုင်းလည်း ပဋိပက္ခတွေ ပြေလည်သွားစေတာထက် ဘေးထွက်ဆိုးကျိုးတွေပဲ ကြုံခဲ့ကြရတာပါ။ အခုလည်း…

Continue Readingငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး

စစ်၏ ဆန့်ကျင်ဘက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့ဖြိုးမှုဆိုတာ တိုးတက်ဖြစ်ထွန်းမှုတွေ၊ အသစ်အသစ်တွေနဲ့ စည်ကားစွာ ရှိနေမှာ မှန်ပေမဲ့ စစ်ပွဲဆိုတာမျိုးကလည်း ဖွံ့ဖြိုးမှုနှင့် ဆန့်ကျင်ဘက် အရာအားလုံး ဖျက်ဆီးဖို့ကိုဘဲ ဦးတည်နေတတ်တာမျိုးပါ။ စစ်ပွဲကြောင့် ရုပ်ဝတ္ထုအရာအားလုံးက ပျက်စီးနေကြပြီး မြင်သမျှ အရာအားလုံးကလည်း အနိဌာရုံတွေနဲ့သာ ပြည့်နေတတ်ပါတယ်။ စစ်ပွဲတွေဟာ လက်ရှိပစ္စုပ္ပန် ကိုသာမက အနာဂတ်ကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိတဲ့ အရာမျိုးပါ။ စစ်ပွဲတွေကြောင့် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ပျက်စီးမှုတွေနဲ့သာ အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ…

Continue Readingစစ်၏ ဆန့်ကျင်ဘက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

လုံခြုံရေးဆိုင်ရာ

လုံခြုံရေးကဏ္ဍတွင် မည်သူပါဝင်သနည်း?          နိုင်ငံအဆင့်နှင့် ဒေသန္တရအဆင့်ဆင့်တို့ရှိ လုံခြုံရေးအား ဆောင်ရွက်၊ စီမံကာ ကြီးကြပ်ထိန်းချုပ်ပေးရန် တာဝန်ရှိသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးသည် လုံခြုံရေးကဏ္ဍတွင် ပါဝင်ပါသည်။ အင်အားအသုံးပြုသူအပြင် စီမံခန့်ခွဲပေးခြင်းနှင့် ကြီးကြပ်မှုပေးခြင်းတို့အားဖြင့် အင်အားမည်သို့မည်ပုံအသုံးပြုသည်ကို ထိန်းချုပ်ပေးရန် တာဝန်ရှိသူ အစရှိသဖြင့် ပတ်သက်ဆောင်ရွက်သူနှစ်ဦးသည် လုံခြုံရေး ကဏ္ဍတွင် ပါဝင်နေပါသည်။ ထိုကဲ့သို့ ဆောင်ရွက်လုပ်ကိုင်သူများသည် လုံခြုံရေးအား ဆောင်ရွက်ပေးသည့် နိုင်ငံကဖွဲ့စည်းထားသော…

Continue Readingလုံခြုံရေးဆိုင်ရာ