ကျွန်တော်သိသော ဒီမိုကရေစီ
ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနှင့် ပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်သော်လည်း မသုံးတတ်ပါက ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

" ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်အုပ်ချုပ်တဲ့စနစ်တွေအနက် အခက်ခဲဆုံးစနစ်တစ်ခုဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့ အသိဉာဏ်ပညာနဲ့ဆင်ခြင်တုံတရား မလုံလောက်ခဲ့ဘူးဆိုရင် ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုက္ခဖြစ်စေနိုင်တယ်လို့ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ဆိုခဲ့ဖူးသည် " "ထို့အတူ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီမိုကရေစီဆိုတာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ပေးရုံ၊ အစိုးရအဖွဲ့ ဖွဲ့ရုံနဲ့မပြီးဘဲ ပြည်သူ့အရေးကို ရှေ့တန်းတင်၊ ပြည်သူ့ ဘဝကိုမြှင့်တင်၊ သိမြင်အောင် ဆောင်ရွက်နိုင်မှ ဒီမိုကရေစီရဲ့…