အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၉၆ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
( ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် )
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
(National Solidarity and Peace-making Negotiate Committee) ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ က ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (National Solidarity and Peace- making Negotiate Committee)”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(က) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
(ခ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
(ဂ) ဦးခင်မောင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ဃ) ဦးမြင့်ကြိုင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(င) ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
(စ) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း အဖွဲ့ဝင်
အဖွဲ့ဝင်၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ
(ဆ) ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် အဖွဲ့ဝင်
(ဇ) ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အဖွဲ့ဝင်
ဒုတိယဝန်ကြီးနှင့်ရဲချုပ်၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန
(ဈ) ဗိုလ်ချုပ် တိုးရီ အဖွဲ့ဝင်
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
(ည) ဗိုလ်မှူးကြီး(၁)ဦး အဖွဲ့ဝင်
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး
(ဋ) ဗိုလ်မှူးကြီး ဝဏ္ဏအောင် အဖွဲ့ဝင်
အတွင်းရေးမှူး၊
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ
(ဌ) ဦးလှမောင်ရွှေ အဖွဲ့ဝင်
(ဍ) ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် အတွင်းရေးမှူး
၂။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (National Solidarity and Peace- making Negotiate Committee)၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက ချမှတ် ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ်ပေးထားသော မဟာဗျူဟာများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ကူညီ ထောက်ပံ့ခြင်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် ချမှတ်ပေးထားသည့်လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် အကူညီပေးသော အလှူရှင်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သောချမှတ်ပေးထား သည့် မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာလာစေရေး မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုတည်ဆောက်ရေး အတွက် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေးထားသည့် အချိန်ဇယားများအတိုင်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်း။
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင် လက်မှတ် ရေးထိုးလာစေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေးထားသည့် အချိန်ဇယားများ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် သင့်လျော်ကောင်းမွန်သော အကြံပြုချက်များ ရှာဖွေဖော်ထုတ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆာင်မှု လုပ်ငန်းကော်မတီသို့ တင်ပြခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးနှင့်တစ်ဆက်တည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ချက်နှင့် တိုးတက်မှုများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီသို့ အစီရင်ခံတင်ပြခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်လုပ်ထုံးလုပ်နည်း များနှင့် စည်းမျဉ်းစည်းကမ်းများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ဆောင်ရွက်ခြင်း။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ငွေကြေးသုံးစွဲခြင်း။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆ – ၈ – ၂၀၂၃ ရက်စွဲပါ အမိန့်အမှတ် ၇၄ / ၂၀၂၃ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါသည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ