ငြိမ်းချမ်းရေးအစုအဖွဲ့များ၏ စကားသံများ
ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ် လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေတွေနဲ့ နိုင်ငံတကာသက်သေတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က သံတမန်တွေပါ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်။NCA ရဲ့ အခြေခံမူတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို…