အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ၏ နယ်မြေဒေသတွင်းရှိ ပဋိပက္ခဒဏ် ခံစားနေရသည့်နေရာများနှင့် တိုက်ပွဲရှောင် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ အကူအညီလိုအပ်နေသည့် နေရာဒေသများသို့ အကူအညီများပေးနိုင်ရေး ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်း (Nippon Foundation) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်၍ လိုအပ်သည့်အကူအညီများအား ညှိနှိူင်းဆောင်ရွက်လျက်ရှိပါသည်။
နိပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ယုံကြည်မှု တည်ဆောက်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) နှင့် လက်တွဲ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးကူညီမှုများကို မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ပဋိပက္ခဒဏ် ခံစားနေရသောဒေသများတွင် ၂၀၁၆ ခုနှစ် အစောပိုင်းကတည်းက ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ပြင် နိပွန်ဖောင်ဒေးရှင်းသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ(EAOs)၏ တိုက်ပွဲရှောင်များနှင့် ဒုက္ခသည်များအား ရိက္ခာဆန်များ ပေးဝေ လှူဒါန်းခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးထောက်ကူနိုင်မည့် လုပ်ငန်းများ၊ ရေရှိရှိရေး၊ စိုက်ပျိုးရေး သင်တန်းပေးခြင်း၊ ဆိုလာမီးတပ်ဆင်ရေး၊ လူထုအကျိုးပြု စင်တာဆောက်လုပ်ခြင်းစသည့်လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် “ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သော အကူ အညီများပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အပြည်အပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူများအတွက် ၂၀၁၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း (IFRC) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး လုပ်ငန်းစဉ်များအား International Humanitarian Law နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၊ အထူးသဖြင့် တာဝန်ခံဝန်ကြီးဌာနနှင့် ကြိုတင်တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် များ ရယူဆောင်ရွက်သည့် အဖွဲ့ဖြစ်ပါသည်။
EAO များရှိရာဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အမှန် တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်ရေးအတွက် NSPNC နှင့် ICRC ကိုယ်စားလှယ်တို့သည် ၁-၂-၂၀၂၂ ရက်မှ ၇-၁၂-၂၀၂၃ ရက်အထိ စုစုပေါင်း ၆ ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ICRC မှ အဆိုပြုတင်ပြချက်များအား NSPNC က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
မှီငြမ်းကိုးကား:
၁။ https://www.nippon-foundation.or.jp
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ချက်မှတ်တမ်း
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ)
၄။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန