ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၅၀/၂၀၁၆

၁၃၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဖွဲ့စည်းခြင်း

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ ဆောင်ရွက်နိုင်ရန် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre)” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က)    ဒေါ်အောင်ဆန်းစုကြည်                                ဥက္ကဋ္ဌ

           နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

(ခ)    ဦးကျော်တင့်ဆွေ                                          ဒုတိယဥက္ကဋ္ဌ(၁)

        ပြည်ထောင်စုဝန်ကြီး

        နိုင်ငံတော်အတိုင်ပင်ရုံးဝန်ကြီးဌာန

(ဂ)    ဒေါက်တာတင်မျိုးဝင်း                                   ဒုတိယဥက္ကဋ္ဌ(၂)

         ဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေး

         ညီလာခံ-(၂၁)ရာစုပင်လုံ

         အကြိုပြင်ဆင်ရေးကော်မတီ

(ဃ)    ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်                          အဖွဲ့ဝင်

           ပြည်ထောင်စုဝန်ကြီး

           နယ်စပ်ရေးရာဝန်ကြီးဌာန

(င)     နိုင်သက်လွင်                                                 အဖွဲ့ဝင်

          ပြည်ထောင်စုဝန်ကြီး

          တိုင်းရင်းသားလူမျိုးများရေးရာ

           ဝန်ကြီးဌာန

(စ)     ဦးထွန်းထွန်းဦး                                               အဖွဲ့ဝင်

          ပြည်ထောင်စုရှေ့နေချုပ်

          ပြည်ထောင်စုရှေ့နေချုပ်ရုံး

(ဆ)    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

           အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး

           ကာကွယ်ရေးဝန်ကြီးဌာန

(ဇ)      ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်                            အဖွဲ့ဝင်

           အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး

           ကာကွယ်ရေးဝန်ကြီးဌာန

(ဈ)   ဦးခွန်မောင်သောင်း(ပင်လောင်းမဲဆန္ဒနယ်)              အဖွဲ့ဝင်

         ဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာနှင့်

         ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု

         ကော်မတီ

         ပြည်သူ့လွှတ်တော်

(ည)    ဒေါ်ရှီလာနန်တောင်(ခ)ဒေါ်အမ်နန်တောင်               အဖွဲ့ဝင်

           မဲဆန္ဒနယ်အမှတ်(၂)၊ ကချင်ပြည်နယ်

           ဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ

           ကော်မတီ၊

           အမျိုးသားလွှတ်တော်

(ဋ)     ဦးခင်မောင်တင်                                             အတွင်းရေးမှူး

          ဒုတိယဝန်ကြီး

          နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

၂။       အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)    အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်သောမူဝါဒများ ချမှတ် ပေးရန် နှင့် ဦးဆောင်လမ်းညွှန်မှု ပေးခြင်း၊

(ခ)   ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သောမူဝါများ ချမှတ်ပေးခြင်း နှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်း၊

(ဂ)    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီ ထောက်ပံ့ခြင်းများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ အစိုးရများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများ ချမှတ်ပေးခြင်း၊

(ဃ)    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းအဖွဲ့အစည်းများနှင့်လက်နက်ကိုင်အင်အားစုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ ပြည်တွင်းပြည်ပတတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သော ဦးဆောင် လမ်းညွှန်မှုပေးခြင်း၊

(င)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်း၊

(စ)     ဗဟိုဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ် သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း။

၃။      အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အကြံပေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းခန့်အပ်တာဝန်ပေးနိုင်သည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                         

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ /၂၀၁၉

၁၃၈၀ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၁၁-၇-၂၀၁၆ ရက်စွဲပါ အမိန်အမှတ်၊ ၅၀/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့သော “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန” တွင် အဖွဲ့ဝင် ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင် (ခ)အမ်နန်တောင် အစား အဖွဲ့ဝင် မွန်ပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၁၈/၂၀၁၉

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

ဒုတိယဥက္ကဋ္ဌ() ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၁၁-၇-၂၀၁၆ ရက်စွဲပါ အမိန်အမှတ်၊ ၅၀/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့သော “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန” တွင် အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး အား ဒုတိယဥက္ကဋ္ဌ(၃) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၆၁ / ၂၀၁၉

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်)

နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း

၁။       သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဥပဒေရေးရာကိစ္စရပ်များကို အကြံပြုတင်ပြနိုင်ရန်အတွက် ဦးပေါ်လွင်စိန် (သံအမတ်ကြီး၊ အငြိမ်းစား)အား နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။

၂။       အကြံပေးပုဂ္ဂိုလ်အား လစဉ်ချီးမြှင့်ငွေ ကျပ် ၇၀၀၀၀၀ (ကျပ်ခုနစ်သိန်းတိတိ) သတ်မှတ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲရန် ဖြစ်ပါသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၅၅ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ  ၃၁  ရက်)

နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း

၁။       အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အကြံပြုတင်ပြနိုင်ရန်အတွက် ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် ၂၀-၅-၂၀၂၀ ရက်နေ့မှစ၍ ခန့်အပ်တာဝန်ပေးလိုက်သည်။

၂။       အကြံပေးပုဂ္ဂိုလ်အား လစဉ်ချီးမြှင့်ငွေ ကျပ် ၇၀၀၀၀၀ (ကျပ်ခုနစ်သိန်းတိတိ) သတ်မှတ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲရန် ဖြစ်ပါသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်