NCA

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

(၄-၁-၂၀၂၄ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဤ Website ကို စတင်ထုတ်လွှင့်ပါသည်)

NCA ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ

(၁)

ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံ ဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး တို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ပေါ်တွင်အခြေခံ၍ ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်။

(၂)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုများ၊ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုကိုစောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်း စိစစ်ရေးနှင့် ပဋိပက္ခများဖြေရှင်းရေးတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန်။

(၃)

ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆို ထားသော သဘောတူညီချက်များနှင့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန်။

(၄)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေး ဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည်လျက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်သင့်ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ NCA(၈)နှစ်မြောက်နှစ်ပတ်လည်နေ့မိန့်ခွန်းကောက်နုတ်ချက်...

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားကြပါ။

“ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့”

“ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်”

“ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်”

"NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့"

"NCA အခမ်းအနားများမှ မှတ်တမ်းပုံရိပ်များ"

'ငြိမ်းချမ်းရေးအုတ်မြစ်ခိုင်မြဲဖို့ အပစ်ရပ်ကြစို့'

"From NCA To Sustainable Peace"

ဆက်သွယ်ရန်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း‌ချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)

Address:

မဟာသုခလမ်းနှင့်ဉာဏအောင်မြေလမ်းထောင့်၊ဘောဂသိဒ္ဓိရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ်၊နေပြည်တော်။

Phone:

067-3422737

Our latests Posts

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ(၉-၉-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌ…

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၁။…

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၁။…