ပဋိပက္ခကိုင်တွယ်ဖြေရှင်းခြင်း
ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်း (၅)မျိုးရှိပြီး အောက်ပါအတိုင်း ဖြစ်ပါသည်-ယှဉ်ပြိုင်သည့်နည်းဖြင့် အနိုင်ယူခြင်း (Competing)ရှောင်လွှဲခြင်း(Avoiding)အလိုက်အထိုက်ပြုမူနေထိုင်ခြင်း(Accommodating)အပေးအယူလုပ်သည့်နည်းဖြင့် ညှိနှိုင်းခြင်း(Compromising)ပူးပေါင်းအဖြေရှာခြင်း(Collaborating) Thomas-kilmann model ယှဉ်ပြိုင်သည့်နည်းဖြင့် အနိုင်ယူခြင်း (Competing)အကျိုးစီးပွားတစ်ခုအတွက် ထိပ်တိုက်တွေ့သည့်အချိန်တွင် ထိပ်တိုက်ရင်ဆိုင်ပြီး မိမိ လိုချင်သည်ကိုသာ အတင်းလုပ်ယူသည့်နည်း ဖြစ်ပါသည်။ ညှိနှိုင်းဖြေရှင်းခြင်းမပြုဘဲ နိုင်သူ အကုန်ယူပုံစံဖြစ်ပြီး အများအားဖြင့် အင်အားကြီးသည့်ဘက်က ၎င်း၏နည်းဗျူဟာများအတိုင်း တစ်ဖက်အဖွဲ့အစည်းအတွက် ထည့်သွင်းစဉ်းစားမှုနည်းပါးကာ အတင်းဖိအားပေးထိန်းချုပ်ပြီး လိုက်လျောလာစေရန် အကျပ်ကိုင်လုပ်ဆောင်သည့်ပုံစံ…