အခမ်းအနားကျင်းပသည့်နေ့ရက်၊ အချိန်၊ နေရာ
၁။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) နေပြည်တော်၌ လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတက်ရောက်သူများ
၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အောက်ပါအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည် –
(၁) အစိုးရ ၂၅ ဦး
(၂) လွှတ်တော် ၂၅ ဦး
(၃) တပ်မတော် ၅၀ ဦး
(၄) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၁၀၀ ဦး
(၅) နိုင်ငံရေးပါတီ ၄၆ ဦး
(၆) မြန်မာနိုင်ငံအခြေစိုက်သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၆၅ ဦး
(၇) NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၃၀ ဦး
(၈) NCA လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခဲ့သော ပြည်တွင်းသက်သေ ၁၃ ဦး
(၉) Union Peace Working Committee.UPWC လူဟောင်းများ ၄၀ ဦး
(၁၀) ယခင် MPC တာဝန်ရှိသူများ ၁၄ ဦး
(၁၁) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ကော်မတီ၊ ကော်မရှင်များ ၂၀ ဦး
(၁၂) တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီးချုပ်များ ၁၄ ဦး
(၁၃) JMC အဖွဲ့ဝင်များ ၂၇ ဦး
(၁၄) အရံ ၆ ဦး
စုစုပေါင်း ၄၇၅ ဦး
၃။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါ အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည် –
(က) အခမ်းအနားစတင်ခြင်း။
(ခ) အခမ်းအနားအစီအစဉ်များကိုဖတ်ကြားခြင်း။
(ဂ) “ပင်လုံမြေမှသစ္စာ” တေးသီခြင်းဖြင့် တိုင်းရင်းသားများမှ ဖျော်ဖြေတင်ဆက်ခြင်း။
(ဃ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် Video Clip ပြသခြင်း။
(င) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမှာစကားပြောကြားခြင်း။
(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားခြင်း။
(ဆ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ခေါင်းဆောင်တစ်ဦးက အမှာစကား ပြောကြားခြင်း။
(ဇ) အခမ်းအနားပြီးမြောက်အောင်မြင်ခြင်း။
(ဈ) အဖွဲ့လိုက်အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း –
– ရှေ့ဆုံးကနုတ်ထိုင်ခုံများမှ ခေါင်းဆောင်များ ခန်းမတွင်းကအတိုင်း နေရာယူပါမည်။
– နိုင်ငံခြားသံတမန်များနှင့် မှတ်တမ်းတင်ခြင်း။
– တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ JMC နှင့် UPDJC ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ခြင်း။
– နိုင်ငံရေးပါတီ၊ ယခင် UPWC၊ ယခင် MPC နှင့် အသိသက်သေများနှင့် မှတ်တမ်းတင်ခြင်း။
– အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ခြင်း။
– ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ကော်မတီ၊ ကော်မရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ နှင့် မှတ်တမ်းတင်ခြင်း။
(ည) ဧည့်သည်တော်များ ပြန်လည်ထွက်ခွာခြင်း။
(ဋ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တွေ့ဆုံခြင်း။
(ဌ) ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်း။