တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား
အခမ်းအနားကျင်းပသည့်နေ့ရက်၊ အချိန်၊ နေရာ၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၆ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား နံနက် (၀၉:၀၀) နာရီအချိန်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့မှ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတက်ရောက်သူများ၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)…
