NCA ချုပ်ဆိုခြင်း (၄) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား
ဒီကနေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့တဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ပတ် လည်နေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးအမှူးပြုတဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ ငြိမ်းချမ်းရေး အတွက် အဘက်ဘက်မှပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးနဲ့ အခမ်းအနား…
