၂၀၁၈ခုနှစ်၊ NCA လက်မှတ်ရေးထိုးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်း
ဒီကနေ့အခမ်းအနားကတော့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးကြတဲ့ အခမ်းအနားဖြစ်ပါတယ်။လက်မှတ်ရေးထိုးတဲ့အဖွဲ့အရေအတွက် မများလှဘူးဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ခရီးက မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ဒီလိုခြေလှမ်းတစ်လှမ်းကို ရဲရဲကြီး…
