NCA ချုပ်ဆိုခြင်း (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ သီးသန့်အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်အဖွင့်အမှာစကား
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့တဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ၍ ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာဆုတောင်းဆန္ဒပြု နှုတ်ခွန်းဆက်လိုက်ပါတယ်။ဒီတစ်ခါပြုလုပ်တဲ့ နှစ်ပတ်လည်နေ့ဟာ ကျန်ခဲ့တဲ့နှစ်ပတ်လည်နေ့ နှစ်ကြိမ်ထက် အသွင်သဏ္ဍာန်အားဖြင့်ကော၊ အနှစ်သာရအားဖြင့်ပါ ထူးခြားမှုများရှိနေကြောင်း တိုင်းရင်းသားပြည်သူလူထုက …
