တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနား၏ ထုတ်ပြန်ကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးကြိုးပမ်းမှု၏ အဓိကသမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။၂။ စာချုပ်မူကြမ်းကို စတင်ညှိနှိုင်းစဉ်က နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၇) ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ …
