တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း
NCA စာချုပ်သည် အပစ်အခတ်ရပ်စဲရေးကိုသာမကဘဲ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ရေးဆွဲထားသော စာချုပ်တစ်ရပ် ဖြစ်ပါသည်။NCA တွင် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါဝင်ပြီး နိုင်ငံရေးဆိုင်ရာ အချက် ၃၅…
