အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဟောင်း H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့တို့သည် ၁၀-၁-၂၀၂၄ ရက်တွင်နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဟောင်း H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဟောင်း H. E. Mr. Alounkeo Kittikhoun က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံ တူညီဆန္ဒ(၅)ရပ်၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ကိုယ်စား ဒေါက်တာနော်ကပေါ်ထူးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားပြီးနောက် တစ်ဖွဲ့ချင်းစီ၏သဘောထားအမြင်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ယင်းနောက်တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဦးခွန်ဥက္ကာက ကျေးဇူးတင်စကား ပြောကြားပြီး အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဟောင်း H. E. Mr. Alounkeo Kittikhoun က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မှီငြမ်း။ NSPD