လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်လာသူ လူငယ်ကိုယ်စားလှယ်များ၏ စကားသံများ (၁၅-၁-၂၀၂၆)
၁၅-၁-၂၀၂၆မောင်ဥက္ကာမင်းလူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-I) ၌ သုံးရက်တာကျင်းပခဲ့ပြီး ဖိုရမ်တတိယနေ့တွင် ဖိုရမ်၏ အဓိကအရေးအကြီးဆုံးအပိုင်းဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက် စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ပညာရှင်များက အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်၊၊ဖိုရမ်ကျင်းပသည့် သုံးရက်တာ ဆွေးနွေးမှုများမှတစ်ဆင့် ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးနှင့် အနာဂတ်လူငယ်ကြေညာစာတမ်းနှင့် ဖိုရမ်မှ အကြံပြုချက်များကိုစုစည်းပြီး အနာဂတ်နိုင်ငံ…
