You are currently viewing ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှုတန်းတူ ညီမျှမှုနှင့်တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ် ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား နေပြည်တော် ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၁၉) ရက်မှ (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ ဤညီလာခံကြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC)က အဆိုပြု တင်သွင်းလာသောအဆိုပြုချက်များအပေါ် ညှိနှိုင်းဆွေးနွေးပြီးရရှိလာသည့် အဆိုပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူညီမှု ရရှိခဲ့ပါသည်။
၃။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃)တွင် အောက်ပါအတိုင်းသဘောတူညီချက် (၂၀)ချက်နှင့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင် အထည်ဖော်မှုများကိုရရှိခဲ့ပါသည်-

  • အပိုင်း(၁)၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက် (နောက်ဆက်တွဲ-က)
  • အပိုင်း(၂)၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) (နောက်ဆက်တွဲ-ခ)
  • အပိုင်း(၃)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် (၅)ချက် (နောက်ဆက်တွဲ-ဂ)

၄။ အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အပိုဒ် ၂၀ (င) အရ ပြည်ထောင်စု သဘောတူစာချုပ်အစိတ် အပိုင်း(၃)အဖြစ် ဤပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြပါသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ နောက်ဆက်တွဲ(က)

အပိုင်း(၁)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)  အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၁ ရက်)

  • ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်၏ မူလ သဘောတူညီချက်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အခြေခံမူများ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် သွေဖည်မှု မရှိစေရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရား တစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်။
  • ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကိုအခြေခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (NCA အပိုဒ် ၃၀ နှင့်အညီ) ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတွက် ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက် သွားရန် သဘောတူသည်။
  • ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များ(NCA အပိုဒ် ၃၀ နှင့်အညီ) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဟန်ချက်ညီ ဖော်ဆောင်သွားရန် သဘောတူသည်။

၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့်တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။

၂။       ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေး ရရှိစေရန်။

၃။       နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်း မရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်။

၄။       ငြိမ်းချမ်းရေးဆွေးနွေးဘက်များ အကြား ဝိဝါဒကွဲပြားမှုများကို ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်။

၅။       ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက်အပြန်အလှန် ထားရှိသော ကတိကဝတ် များကို စောင့်ထိန်းရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းစသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်၊ ဖြစ်ထွန်းလာမည့် တိုးတက်မှု များကို တစ်ဖက်နှင့်တစ်ဖက်အခွင့်အရေးမယူဘဲ သဘောတူစာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

၆။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ပြည်သူလူထု၏ ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။

၇။     တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါရှိသည့် အချက်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်နေသောအချက်များကို ဖော်ထုတ်ပြီး သက်ဆိုင်သည့် အစုအဖွဲ့များအကြား ဘုံတူညီသော နားလည်မှုများ၊ ဖွင့်ဆိုချက်များရရှိစေရေး အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရန်။

၈။     ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တို့၏ အကောင်အထည်ဖော်ဆောင်ရွက် ချက်များကို သက်ဆိုင်ရာကော်မတီများအတွင်း ပြန်လည်ဆွေးနွေးပြီး ပိုမိုထိရောက်ခိုင်မာ စေရေးအတွက် နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် လိုအပ်သလိုဆောင်ရွက်ရန်။

၉။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ တို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်။

မှတ်ချက်။       ပြည်ထောင်စုလက္ခဏာ ဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စု ဖြစ်သည်။

၁၀။    NCA ပါ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် လိုအပ်သည့်အချက်များကို နှစ်ဖက်တပ်များ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူသည်။

၁၁။     ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံမှ သဘောတူရရှိလာသည့် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဖြင့် နှစ်ဖက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူသည်။

၁၂။

  • ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်၏ မူလ သဘောတူညီချက်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အခြေခံမူများ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် သွေဖည်မှု မရှိစေရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရား တစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်။
  • ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကိုအခြေခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (NCA အပိုဒ် ၃၀ နှင့်အညီ) ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတွက် ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက် သွားရန် သဘောတူသည်။
  • ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များ(NCA အပိုဒ် ၃၀ နှင့်အညီ) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဟန်ချက်ညီ ဖော်ဆောင်သွားရန် သဘောတူသည်။

၁၃။   ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ရာ တွင် လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင်လည်းကောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပိုဒ် ၂၀ ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်ရမည်။

၁၄။    NCA ပါ သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် NCA အရ တရားဝင်ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီတို့၏ ပုံမှန်အစည်းအဝေးများကို သတ်မှတ်ချက်အတိုင်း ကျင်းပပြုလုပ်ပြီးနှစ်ဖက်သဘောတူညီချက်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် Bilateral အစည်းအဝေးများကိုလည်း Parallelပြုလုပ် ညှိနှိုင်း ဆွေးနွေးသွားရန် သဘောတူသည်။

၁၅။     ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် ရရှိသော သဘောတူညီချက် များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား UPDJC က လိုအပ်သလို ညှိနှိုင်း ပြင်ဆင်ရန် သဘောတူသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ နောက်ဆက်တွဲ(ခ)

အပိုင်း(၂)

၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁)

(၂၀၂၀  ပြည့်နှစ်၊ ဩဂုတ်လ ၂၁ ရက်)

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ နောက်ဆက်တွဲ(ဂ)

အပိုင်း(၃)

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ

(၂၀၂၀  ပြည့်နှစ်၊ ဩဂုတ်လ ၂၁ ရက်)

နိဒါန်း

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု ၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေး များအာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲရလဒ်များမှ ရရှိလာသော အောက်ပါလမ်းညွှန် အခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဖြစ် သည်။

၁။      နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်။

၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင် သော်လည်းကောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်အချင်းချင်းအကြားတွင် သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်း ပွားမှုများကိုဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည်။

၃။

  • ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှု ရှိရမည်။
  • နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ(၃)ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အာဏာ(၃)ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသို့ ခွဲဝေအပ်နှင်းမည်။ ပြည်ထောင်စု၊ တိုင်း ဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအကြား ဥပဒေပြုရေး ဆိုင်ရာအာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်။
  • ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးပိုင်ခွင့် ရှိရမည်။

၄။     တိုင်းဒေသကြီး/ ပြည်နယ်အားလုံးသည် အချင်းချင်း လေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။

၅။    နိုင်ငံသားတိုင်းအတွက် မူလအခွင့်အရေးများ (Fundamental Rights)နှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းရမည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရှိရမည်ဖြစ်ပြီး ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ရှိရမည်။ တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဋ္ဌာန်း ပေးရမည်။

မှတ်ချက်။ တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်။ အမည်နာမ သတ်မှတ်ချက်နှင့်ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်။

 

မှီငြမ်းကိုးကား။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ဆုံးဖြတ်ချက်