ဆက်လက်လျှောက်လှမ်းရဦးမည့် ငြိမ်းချမ်းရေးခရီး
"လူသားနှင့် ပဋိပက္ခသည် ဒွန်တွဲနေတတ်ပါသည်။ ပဋိပက္ခသည် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဟုလည်း ဆိုပါသည်။ အမိတစ်ဝမ်းတည်းမှ မွေးဖွားခဲ့ကြသည့် မိသားစုအတွင်း၌ပင် ပဋိပက္ခများနှင့် မကင်းနိုင်ပါ။ မတူကွဲပြားသည့်သူများနှင့် စုစည်းနေထိုင်ကြလျှင် ပဋိပက္ခများ ပို၍ ရှိမည်ဖြစ်သည်။ ပဋိပက္ခရှိသည်ဆိုသော်လည်း အနည်းအများ၊ အတိမ်အနက်တော့ တူချင်မှ တူပါမည်။ မည်သို့မတူညီ သည်ဖြစ်စေ အများနှင့်စုစည်းနေထိုင်လုပ်ကိုင်လျှင် ယင်းပတ်ဝန်းကျင်၌ ပဋိပက္ခများ ရှိနေပေလိမ့်မည်။ ထိုသို့…
