မိမိတို့နိုင်ငံတင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်စသည့် ဖွဲ့စည်းအုပ်ချုပ်မှု ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေထားပြီးဖြစ်သဖြင့် ဖက်ဒရယ်စနစ်သဘောတရားများအတိုင်းသာ ရေးဆွဲထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်
ယင်းနောက် ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခွဲဝေခံစားစေခြင်းဖြစ် ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံး သည့် အယူအဆ သဘော တရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ အဓိက လိုအပ်ချက်သည် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေး ပင်ဖြစ်ကြောင်း၊ သာယာဝပြောရေးဆိုသည်မှာ ငြိမ်းချမ်းရေးကိုအခြေခံ၍ အလုပ်အကိုင် အခွင့်အလမ်းများအားလုံးကို ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည် သာယာဝပြောမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကို ဦးဆောင်နေသည့် အစိုးရက ဖန်တီးဆောင်ရွက်ပေးနေရမည် ဖြစ်ကြောင်း၊ ထိုသို့ဖန်တီးပေးနိုင်မှသာ စားရေရိက္ခာများလည်း ပေါများလာမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်နှစ်ခုသည် အပြန်အလှန် ချိတ်ဆက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိရေး မျှော်မှန်းချက်ထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့်မှာကြားခဲ့သည်။