လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးခါစ လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်နေတာကိုလည်း တွေ့ရရှိပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မမဲသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခြင်းမရှိဘဲလက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံ အချို့ကလည်းဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှု တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေး စေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲဖြစ်ပါတယ်။ ဒါတွေကို အားလုံးက သတိပြုမိစေလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေဆက်လက်လျှောက် လှမ်းသွားမှာပဲဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းနိုင်ဖို့လွတ်လပ် ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပ နိုင်ရေးလိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက်ဆောင်ရွက်လျက် ရှိနေပါတယ်။
ဒီမိုကရေစီစနစ်ဆိုရာမှာ အမျိုးမျိုးရှိပါတယ်။ ယနေ့ ကျွန်တော်တို့နိုင်ငံကျင့်သုံးနေတာက ပါတီစုံဒီမိုကရေစဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာအထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းအရ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံ တွေလည်းရှိကြပြီးဖြစ်ပါတယ်။ ဖဆပလခေတ်က ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအထိဟာ “အနိုင်ရသူအကုန်ယူ” စနစ်ဖြစ်တာကြောင့် နိုင်ငံရေးချိန်ခွင်လျှာညီမျှမှုမရှိခဲ့ဘဲ တိုင်းရင်းသားလူမျိုးစုပါတီများအနေနဲ့ နိုင်ငံရေးမှာပါဝင်ခွင့်အခွင့် အရေးနည်းပါးခဲ့တာကို တွေ့မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုကြီး ၈ စု ရှိပြီး လူမျိုးစု ၁၃၀ကျော်ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ရဲ့ နိုင်ငံတော်ကြီးကို ခိုင်မာတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း”လို့လည်း အနက်အဓိပ္ပာယ်ရှိပါတယ်။ မျှဝေ ခံစားဖို့ဆိုရင်တော့ ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီး ပါတီတစ်ခုတည်းက “အနိုင်ရသူအကုန်ယူ” ဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဖို့ “အချိုးကျကိုယ်စားပြု စနစ်” PR စနစ်ကိုကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ NCA စာချုပ်ထဲကဘုံသဘော ဆန္ဒလည်းဖြစ်ပါတယ်။ NCAစာချုပ်ပါအခန်း(၁) အခြေခံမူများမှာ “ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးများရရှိစေရန် ” ဆိုတဲ့ အချက်ပါရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် PR စနစ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အသင့်လျော်ဆုံးဆိုတာ ပြောကြားလိုပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း (၃) ကြိမ်တိုင်တိုင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှ ဘုံသဘောတူညီချက်အဖြစ်- (၁) ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး။ (၂)တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။(၃)ပြည်ထောင်စုငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး။ (၄)တရား ဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။