လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉−၄−၂၀၂၂)
ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ခိုင်မာစွာ အာမခံ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်က ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် နားလည်သဘော ပေါက်ရန်လိုကြောင်း၊…
