နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက် အကျည်းတန်သည့်ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကို သင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်မှုရှိစေရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိသည့် နိုင်ငံများရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုချင်းတူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈- ၉ -၂၀၂၃)
- Post author:NSPNC
- Post published:September 28, 2023
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁-၇-၂၀၂၂)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၅-၁၀-၂၀၂၃)
