ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင်တိုးတက်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက်ကျင့်သုံးသည့် ဒီမိုကရေစီကျင့်သုံးပုံချင်း တူညီမှုမရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းစကာလတွင် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့လိုလားသည့် ပုံစံအတိုင်းဖြစ်စေရေး နည်းလမ်းအမျိုးမျိုးဖြင့် တွန်းအားပေး ဆောင်ရွက်ခဲ့မှုများရှိ၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။
တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈−၃−၂၀၂၁)
- Post author:NSPNC
- Post published:March 28, 2021
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၂) တွင် ပြောကြားသည့် (၂၇-၉-၂၀၂၂)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁- ၃-၂၀၂၃)
