နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုအခါတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့် ဖြစ်စဉ်တစ်ခုအဖြစ်သာ ယေဘုယျသဘောထားကြသော်လည်း ၎င်းနောက်ကွယ်၌ ဖြစ်ပွားရသည့် အကြောင်းရင်းများစွာရှိသည်က လေ့လာတွေ့ရှိနိုင်ကြောင်း၊ ဆိုရှယ်လစ်စနစ်ကို မကြိုက်နှစ်သက်ခြင်းကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေးကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများမဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်နှင့်အညီ ဥပဒေပညာနှင့်ပတ်သက်၍ သိရှိနားလည်ရန်လိုအပ်သဖြင့် တက္ကသိုလ်များ၌ ဥပဒေဘာသာ ရပ်များနှင့် စီးပွားရေးဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း။