ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရာမှာအဓိက အခြေခံအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တို့အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်သွားမှာပဲဖြစ်တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ် ဖြစ်တဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မှာတို့တပ်မတော်ကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားရမှာပဲဖြစ်တယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူက သူတို့ကိုကိုယ်စားပြုတဲ့သူတွေကို ကိုယ်တိုင်ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်ဆိုတာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့အယူအဆ သဘောတရားဖြစ်တယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြု နိုင်ဖို့အတွက် လက်ရှိရွေးကောက်ပွဲမှာကျင့်သုံးနေတဲ့ဦးသူအနိုင်ယူ (FPTP-First Past The Post) စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR-Proportional Representation) ကိုလည်း ပေါင်းစပ်ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတိုင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၂၇- ၃-၂၀၂၃)
- Post author:NSPNC
- Post published:March 27, 2023
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

(၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက် (၁၀-၁-၂၀၂၃)

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၇-၁၂-၂၀၂၃)
