နိုင်ငံတော်၏အခြေအနေအရပ်ရပ်အားပြည်သူလူထုသို့ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက် (၈-၂-၂၀၂၁)
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ကပင် ပြည်သူတို့လိုလားတောင်းဆိုတဲ့ “ပါတီစုံ ဒီမိုကရေစီစနစ်”ကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ ခိုင်မာစေရေးအတွက် အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ဒါ့ကြောင့်ကျွန်တော့် အနေနဲ့ တစ်တိုင်းပြည်လုံးသို့ ပြောကြားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး…