နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁) တွင် ပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၃၀-၃-၂၀၂၁)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင်လည်း ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံများအလိုက် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် စနစ်နှင့် ပုံစံများမတူနိုင်ကြောင်း၊ အနောက်ဥရောပနိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသကဲ့သို့ မိမိတို့အာရှနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်…
