ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး (၂၇-၉-၂၀၂၅)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၇-၉-၂၀၂၅ ရက်မွန်းလွဲပိုင်းတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်၌ တွေ့ဆုံသည်။ကြိုဆိုနှုတ်ဆက်ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်သို့ ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့က ဂါရဝပြုကြိုဆိုပြီး ကာဇက်စတန်သမ္မတနိုင်ငံ…
