“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးကြသူများ၏ စကားသံများ (၂၄-၃-၂၀၂၅)
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးရက်တာ ကျင်းပလျက်ရှိသည်။အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များက ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိမြင်တိုးမြှင့်လာစေရန်၊ နိုင်ငံအတွင်း ပဋိပက္ခများအမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊…