နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားသည့် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့်လမ်းကြောင်းကို မျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ ကြိုးစားလျှောက်လှမ်းခဲ့ကြလို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။…