You are currently viewing နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၆-၇-၂၀၂၄)

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၆-၇-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ၂၆-၇-၂၀၂၄ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်း တိုးတက်မှုများအပေါ် ရုရှားနိုင်ငံသတင်းမီဒီယာများမှ ပိုမိုဖော်ပြပေးလိုမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းနှင့် သံအမတ်ကြီး၏ သိလိုသည့် အချက်အလက်များအား ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply