နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၂၉-၇-၂၀၂၄)
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ၂၉-၇-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိမိတို့အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြောကြားသွားမည်ဖြစ်ကြောင်း။နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများစီးပွားရေး တိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံများရှိ အစိုးရများအနေဖြင့် ပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို လိုလားကြသဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရာတွင်လည်း စီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် ပညာရေး၊…