NSPNC ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာသုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်(၂၃-၈-၂၀၂၄)
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ၂၃-၈-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည်။ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ထိုသို့ တွေ့ဆုံရာတွင်…
NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေး(၂၂-၈-၂၀၂၄)
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ၂၂-၈-၂၀၂၄ ရက်တွင် နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စများကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အထွေထွေဆွေးနွေးခြင်းတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာများအား…