၁၆-၁၀-၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံ သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသတွင်းနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ရာ၌ တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိ မှု၊ ယခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် လာမည့်နှစ်တွင် ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး ရွေး ကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
Source- cincds.gov.mm