နယ်(လ်)ဆင် ရော်လီလှာလှာ မန်ဒဲလား (Nelson Rolihlahla Mandela)
“လှပတဲ့နိုင်ငံ Rainbow သက်တန့်ရောင်နိုင်ငံဟု တင်စားနေသော ၎င်း၏နိုင်ငံတွင် ဖိနှိပ်မှုများ ဘယ်တော့ မှမရှိစေရ”
တောင်အာဖရိကနိုင်ငံ၏ သမ္မတအဖြစ် ၁၉၉၄ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်သာမက တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖြင့် အပြည့်အဝ ရွေးချယ်ခြင်းခံရသော အာဖရိကနိုင်ငံ၏ ပထမဆုံးသောသမ္မတလည်း ဖြစ်သည်။ သမ္မတမဖြစ်မီက မန်ဒဲလားသည် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး Umkhonto we Sizwe (အမ်ကွန်တိုဝီဆွဒ်)၊ African National Congress (ANC) အာဖရိကန်နေရှင်နယ်ကွန်ဂရက်၏ လက်ရုံးတစ်ဆူလည်းဖြစ် သည်။ နိုင်ငံရေးအရ နှောင့်ယှက်မှုနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်လှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၇ နှစ်ကျခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်လာကာ တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီအတွက် အပြောင်းအလဲ ဖြစ်ပေါ်ရန်အတွက် စေ့စပ်ဆွေး နွေးခြင်းနှင့်ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရေးဆွဲသော Umkhonto we Sizwe (အမ်ကွန်တိုဝီဆွဒ်) ကြေညာစာတမ်းမှာ နိုင်ငံခြားသားများ၏ နိုင်ငံအတွင်းသို့ စွန့်စားရင်းနှီးမြှုပ်နှံမှုအား ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန်ဖြစ်သည်ဟု မန်ဒဲလားမှ ပြောကြားခဲ့သည်။
“မိမိသည် မိမိဘဝ တစ်လျှောက်လုံးတွင် အာဖရိကလူမျိုးများတွက် မြှုပ်နှံထားပြီးဖြစ်ကြောင်း၊ မိမိသည် လူဖြူများ ၏ကြီးစိုးမှုနှင့် လူမည်းများ၏ကြီးစိုးမှုကိုပါ တိုက်ခိုက်ခဲ့ကြောင်း၊ လူသားများအားလုံး ဒီမိုကရေစီနှင့် လွတ်လပ်မှုအောက်တွင် အခွင့်အရေး ညီတူညီမျှဖြင့် ညီညီညွတ်ညွတ် နေထိုင်နိုင်ကြရန် ရည်ရွယ်ခဲ့ ကြောင်း၊ ထိုရည်ရွယ်ချက်မှာလည်း ပြီးမြောက်အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း၊ လိုအပ်လာပါကလည်း မိမိခန္ဓာကိုယ်အား စွန့်လွှတ်ရန် အဆင်သင့်ပြင်ဆင်ထားပါကြောင်း”
နယ်လ်ဆင် မန်ဒဲလားပုံရိပ်နှင့် သူ၏အားမာန်ပါပါပြောသော စကားများသည် တောင်အာဖရိက ပြည်သူတွင်သာမကဘဲ နိုင်ငံတကာပြည်သူများ၏ ရင်ထဲတွင်လည်း တိုးဝှေ့စေခဲ့ပါသည်။ တောင် အာဖရိက နိုင်ငံသမိုင်းတွင် ပထမဦးဆုံး လူမည်းသမ္မတအဖြစ် တာဝန်ယူသည့်နေ့တွင် ပြောခဲ့သော မိန့်ခွန်းထဲတွင် “လှပတဲ့နိုင်ငံ Rainbow သက်တန့်ရောင်နိုင်ငံဟု တင်စားနေသော ၎င်း၏နိုင်ငံတွင် ဖိနှိပ်မှုများ ဘယ်တော့ မှမရှိစေရဟု” ပြတ်ပြတ်သားသား မိန့်ကြားခဲ့သည့် အမိနိုင်ငံကောင်းကျိုး အတွက် ပြန်လည်ရင်ကြားစေ့ရေးအား လူထုထံသို့ တစ်ခါတည်း ပို့လိုက်သော မိန့်ခွန်းဖြစ်သည်။
ကမ္ဘာပေါ်တွင် နယ်လ်ဆင် မန်ဒဲလား ထားခဲ့သော အမှန်တရားဘက်မှ အညံ့မခံတိုက်ပွဲဝင်သော ဇာမဏီစိတ်ဓာတ်နှင့် ဖိနှိပ်သူများကို ခွင့်လွှတ်ပြီး နိုင်ငံရေးအရ ရင်ကြားစေ့ရေးအား ပြုလုပ်ပေးခဲ့ နိုင်သော ပုံရိပ်နှင့်စိတ်ဓာတ်များသည် မည်သည်အချိန်ခါမှ ပျောက်ကွယ်သွားမည် မဟုတ်တော့ပေ။
ကျမ်းကိုး။ Wikipedia Website မှ မှီငြမ်းကိုးကားထားပါသည်။